သတင်းများ

ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော် (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော်(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၇ရက်နေ့ (မတ်လ၁၅ရက်နေ့မှ ၁၁ရက်နေ့) အထိ ကျင်းပမြဲဖြစ်ရာ ကမ္ဘာတလွှား ဖြစ်ပွားလျက်ရှိသော(ကိုရိုနာဗိုင်းရပ်) ကူးစက်ရောဂါ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ် သံဃနာယက ဆရာတော်များ၊ အုပ်စု သံဃ နာယကဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရှိ ရပ်မိ/ရပ်ဖနှင့် ခမောက်တောင်တော် ဂေါပကလူကြီးမင်းများ အားလုံးစုံညီ ညှိနှိုင်း တိုင်ပင်ချက်အရ ဘုရားပွဲတော်ရက်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်ရှိ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းနှင့် မြေသားလမ်း တာချဲ့ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုအောက်၌ ဆောင်ရွက်လျက်ရှိသော စိချဲ့-ဘော(၃)လမ်း ၂မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့၀င်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
လွိုင်ကော်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားမှု WCRD Campaign ပြုလုပ်
Mar 16,2020
ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမို ကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်စည် ဝန်ဆောင်မှု ရယူရာတွင် မှန်ကန်စွာရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့လှုပ်ရှားမှု WCRD Campaign ကို ယမန်နေ့ နံနက် ၈ နာရီခွဲက လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး၌ ပြုလုပ်ကျင်းသည်။
ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ P.P.E နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်း
Mar 16,2020
Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် P.P.E နှင့် လက်သန့်စင်ဆေးရည်၊ နှာခေါင်းစည်းများပေးအပ်လှူဒါန်းပွဲကို မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရေတာရှည်မြို့နယ်၊ မြို့နယ်ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် ကအဖွင့်အမှာစကားပြောကြားသည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
မြိုင်မြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူဦးစီးဌာနက ထုတ်ဝေသော စားသုံးသူအခွင့်အရေးများနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ အချက် ၈ ချက်ပါ ပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံဦးဇော်ထွန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးဘိုဝင်းနှင့် မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးတို့မှပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်း၍ စားသုံးပြည်သူများ သိသင့်သိထိုက်သည့် အခွင့်အရေးများအကြောင်းနှင့် ပြန်လည်ကုစားခြင်းများ အကြောင်းတို့ကို စားသုံးသူရေးရာဦးစီးမှူး မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Mar 15,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် သံဆည်ကျေးရွာ၌  ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 15,2020
ဧရာဝတီတိုင်းဒေသကြီး၊‌ ဟင်္သာတခရိုင်၊‌ လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်‌ဝေခဲ့ကြောင်း သိရသည်။
ဂန့်ဂေါတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့၊ မြို့မစျေးတွင် စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေဦးဆောင်၍ ယနေ့နံနက်ပိုင်းက လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။