သတင်းများ

နမ့်စန်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူ ၁၁၃၃ ဦး လာရောက်ဖြေဆို
Mar 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်) ကို ယနေ့ နံနက် ၉နာရီက အ.ထ.က (နမ့်စန်) စာစစ်ဌာနနှင့် အ.ထ.က(ခိုလမ်) စာစစ်ဌာန ၂ခုတွင် ဖြေဆိုခဲ့ရာ စာရင်းရှိ ၁၂၂၂ ဦးတွင် လာရောက် ဖြေဆိုသူ ၁၁၃၃ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ  ၈၉ဦး ရှိကြောင်း သိရသည်။
ဒယ်ပုတ်ကွင်းကျေးရွာ အုပ်စုတွင် စွမ်းအားမြှင့် မီးဖို ၁၅၃၄ လုံးကို ကျေးရွာ အရောက် (အခမဲ့) ဖြန့်ဝေပေး
Mar 17,2020
သစ်တောပြုန်းတီမှု ကာကွယ်‌‌စေရေး၊ လောင်စာလျှော့ချရေး၊ ကာဗွန်လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ထန်းပင်ကုန်းကျေးရွာ၊ ထန်းပင်ကုန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ဆောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့  နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပသည်။
နမ့်ဆန်မြို့နယ် ပန်စေမိန်းကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြော
Mar 17,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်း ကျေးရွာအုပ်စု ပန်စေမိန်းကျေးရွာ အမကကျောင်းတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 17,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အမှတ် (၆) ရပ်ကွက် ဈေးချိုတန်းလမ်းရှိ မြို့မဈေး နှင့်  ဘူတာ၊ ကားဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦး‌ဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲအချိန် က  နံရံကပ် ပိုစတာများ ကပ်ခြင်း၊ လက်ကမ်းစာ စောင်များ ဖြန့်ဝေခြင်းနှင့်  အသိပညာ‌ ပေးခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသားဘတ်ဂျက် စာစောင်ဖြန့်ဝေ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်းခြေ ငွေစာရင်း (Citizen Budget) စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့  မွန်းလွဲ ပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များသည်  ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။