သတင်းများ

ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်း
Mar 18,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မဈေး၊ ကားဂိတ်များ၊ ကတို့ဆိပ်များ အစရှိသည့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မှန်ကန်သော လက်ဆေးနည်းစနစ်များကိုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်
Mar 18,2020
မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။
မြောင်းမြတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သာစည်မြို့နယ် ကုတင် ၅၀ ပြည်သူ့ဆေးရုံ၌ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရမည့်လူနာ တွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန် ကြိုတင်ပြင်ဆင်
Mar 18,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရမည့် လူနာတွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန် ပြည်သူ့ဆေးရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မွန်းတည့်ချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များ၊ သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသော်ကြီးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်ရှိ စည်ပင်သာယာဈေးများတွင် ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Mar 18,2020
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပညာပေး ဗီနိုင်းများကပ်ခြင်း နှင့် လက်သန့်ဆေးရည်များ ရေပုံးများ ဆပ်ပြာများ ထားရှိခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ် ယောချောင်းဒေသထွက်အာလူးများ ပခုက္ကူဈေးကွက်သို့ တစ်ရက်လျှင် အချိန်ခုနှစ် သောင်းခန့်ဝင်ရောက်
Mar 18,2020
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့နေ့စဉ် အချိန်ခုနှစ်သောင်းခန့်ဝင်ရောက်လာကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံကသိရသည်။
ဖာပွန်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဆောင်ရွက်
Mar 18,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့လာ​ရောက်သည့် စာဖတ်သူ၊ စာငှားသူများအား ယမန်နေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ခရိုင် ပြန်ဆက်ဦးစီးအရာရှိ ​ဒေါ်သိမ့်ဝါ က ရှင်းလင်းပြောကြားခဲ့​ပြီး ရောဂါကြိုတင်ကာကွယ်သည့်အ​နေဖြင့် စနစ်တကျ လက်​ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။