သတင်းများ

ခင်ဦးမြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မတ်လ ၁၇ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Mar 18,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနမှ  လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ်  အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လ အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။
ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံမှ စိန်တလုံး သရက်သီးတန်ချိန် ၁၂၀၀ ဝယ်ယူရန် သရက်စိုက်တောင်သူများ နှင့် စာချုပ် ချုပ်လျက်ရှိ
Mar 18,2020
ယခုနှစ်သရက်သီးရာသီချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်သီးတန်ချိန် ၁၂၀၀ အားဝယ်ယူရန် သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ဂျပန်နိုင်ငံ YUKIOK Myanmar Co.Ltd မှ စာချုပ်ချုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှသိရသည်။
မြောက်ဥက္ကလာပမြို့နယ်နှင့် ထိစပ်နေသော ငမိုးရိပ်ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် ထိစပ်နေသော ငမိုးရိပ် ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်  ၇ နာရီ က ဆက်လက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့၌ ကျေးရွာ (၂၀)အား VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Mar 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၂၀)အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
မိုးမောက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Mar 17,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ အလင်းကောင် ရပ်ကွက်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို နှစ်ခြင်း သာသနာဝန်း၌  ယနေ့ နံနက် (၉)နာရီခွဲ တွင် ကျင်းပသည်။
ဟားခါးမြို့၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့်သော စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး
Mar 17,2020
ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ လဲ့စ်လီဗန်ဘိခ့် ဦးဆောင်၍ ပူးပေါင်း ကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့၊ ကျောဘုတ် ရပ်ကွက်ရှိ စားသောက်ကုန် အရောင်းဆိုင်များသို့ ရောက်ရှိပြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန က စားသုံးရန်မသင့်ဟု သတ်မှတ် ထားသော လူသုံးကုန်ပစ္စည်းများနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး စားသောက်ကုန် အရောင်းဆိုင်များတွင် ရောင်းချ လျက် ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့်သော စားသောက်ကုန်များကို သိမ်းဆည်း ခဲ့ကြကြောင်း သိရှိရသည်။
ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်နေမှု မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေး
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး ဆောက်လုပ်နေခြင်းကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက် (၉) နာရီက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။