သတင်းများ

မြန်မာ၊ ထိုင်း ကော့သောင်း-ရနောင်း နယ်စပ်မြို့များတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Mar 18,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး နယ်စပ် အဝင်/အထွက်ဂိတ်ရှိသည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များတွင် တာဝန်ရှိအဖွဲ့အစည်းများ တားဆီး ကာကွယ်ရေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် လာရောက်စောင့်ဆိုင်းသူ မိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့၊ နံနက်(၁၁)နာရီက အမှတ်(၁) အ.ထ.ကအနီး၊ မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးရှေ့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသူ ကျောင်းသားများအား ဖြန့်ဝေခဲ့ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီ အချိန်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Mar 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် စာစစ်ဌာနနှစ်ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၃၀ ဦးရှိ
Mar 18,2020
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် အ.ထ.က ဝန်းသို စာစစ်ဌာနနှင့် အ.ထ.က ဂျိုးတောင်စာစစ်ဌာနတို့တွင် ၂၀၂၀ ပြည့်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  (၁၁၃၀)ဦး ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Mar 18,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် စာစစ်ဌာနနှစ်ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၃၀ ဦးရှိ
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် အ.ထ.က ဝန်းသို စာစစ်ဌာနနှင့် အ.ထ.က ဂျိုးတောင်စာစစ်ဌာနတို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၃၀)ဦး ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။