လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီ အချိန်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်းကို ပြည်သူများသေချာစွာသိရှိနားလည်ပြီး ရောဂါဖြစ်ပွားမှုမရှိစေရန် တစ်ကိုယ်ရည် သန့်ရှင်းစွာနေထိုင်ရေးနှင့်  လူထူထပ်သောနေရာများ သွားရောက်ပါကဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို သိရှိစေရန်တို့အတွက် ကျန်းမာရေး အသိပညာပေး  လက်ကမ်းစာစောင်များကို   ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း  သိရသည်။

ကိုဘုန်း(ပြန်/ဆက်)