သတင်းများ

နမ့်ဆန်မြို့၌ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းဆောင်ရွက်
Mar 18,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက တရုတ် ဘာသာစကားစာသင်ကျောင်း၌ ပြုလုပ် ဆောင်ရွက်သည်။  
ဘုတလင်မြို့နယ် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်း
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)  အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် ယမန်နေ့ ညပိုင်းမှ စတင်၍ လျှပ်စစ်မီးလင်းပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံထံမှ သိရသည်။
သုံးခွမြို့၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဌာနဆိုင်ရာများ လ၀က်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌(COVID-19) ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌မှူး ဒေါက်တာဇော်၀င်းသန်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 
ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်သိမ်းဆည်း
Mar 18,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံများ ရင့်မှည့်နေပြီဖြစ်၍ ယခု မတ်လဆန်းပိုင်းက စတင်ကာ တောင်သူများ စတင်သိမ်းဆည်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှင်များနှင့် တွေ့ဆုံကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အတွက် လိုက်နာရန်အချက်များ အသိပညာပေးဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အဝေးပြေးကားများ၌ လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗွီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ကားမှန်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရန် ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်တော့မည်မဟုတ်
Mar 18,2020
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလပြီး၍ နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်သော ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာ (ခြေတော်ရာ) ဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုမရှိစေရန် ဘုရားပွဲတော်ကြီးကို ကျင်းပပြုလုပ်တော့ မည်မဟုတ်ကြောင်း ဘုရားပွဲတော် ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသော ကျောင်းသားကျောင်းသူများအား COVID-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID-19) နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များထည့်သွင်းဖော်ပြထားသော အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက