သတင်းများ

ရွှေကူမြို့ မြို့မစျေးအတွင်းရှိ ရောင်းချနေသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Mar 19,2020
ကချင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဗန်းမော်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရွှေကူမြို့နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီတွင် ရွှေကူမြို့ မြို့မစျေးတွင် ရောင်းချနေသော အစားအသောက်များနှင့် သက်တမ်းလွန် ပစ္စည်းများကို စစ်ဆေးခဲ့သည်။
ကျီခါးမြို့၌ ခြင်မှတဆင့်ကူးစက်တတ်သောရောဂါ ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
Mar 19,2020
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသအတွင်း ခြင်မှတဆင့် ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး ယမန်နေ့က ကျီခါးမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘုရားသုံးဆူမြို့၌ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုပြုလုပ်
Mar 19,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ် ၁ ရပ်ကွက်ရှိ Check point နေရာ ဟောင်း၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းအဖွဲ့မှ မြန်မာ - ထိုင်း နှစ်နိုင်ငံနယ် စပ်ဖြတ်သန်းသွားလာသူများအား COVID 19 ကိုယ်အပူချိန်တိုင်းတာ စမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့နံနက် (၇) နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
သင်္ဃန်းကျွန်း မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်၊ ဒုတိယ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ မြို့နယ်စည်ပင် သာယာကော်မတီဥက္ကဋ္ဌ ဦးအေးမင်းနှင့် အဖွဲ့ဝင်များတို့သည်
ကျွန်းစုမြို့ စာကြည့်တိုက်သို့ လာသူတိုင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးလက်ဆေးနိုင်ရန်ဆောင်ရွက်ထားရှိ
Mar 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ် (စ်) COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၉) နာရီအချိန်က စာကြည့်တိုက်သို့ လာသူတိုင်း လက်ဆေးခြင်းဖြင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
မောက်မယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ ကော်မတီ အဖွဲ့ဝင်များက မောက်မယ် မြို့မစျေး၌ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ယင်းမာပင်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-၁၉) ကြိုတင် ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယင်းမာပင်ခရိုင် စုစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ကျင်းပကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်​​​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့်​ နေရပ်ပြန်လာသူများ၏ အတူ​နေမိသားစုဝင်များ လိုက်နာရန် အချက်များ ရှင်းလင်းပွဲပြုလုပ်
Mar 19,2020
မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်​ရောဂါ​ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းဆိုင်ရာများ ​နေရပ်ပြန်လာသူများ၏ အတူ​နေမိသားစုဝင်များ လိုက်နာရန် အချက်များ ရှင်းလင်းပွဲကို