သတင်းများ

တာချီလိတ်၌ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အလုပ်အကိုင်ပြပွဲ ရွှေ့ဆိုင်း
Mar 19,2020
တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အလုပ်အကိုင်ပြပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာဆွေးနွေးပွဲ သထုံတွင် ပြုလုပ်
Mar 19,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
COVID-19 ရောဂါကာကွယ်ရေး ညောင်ရွှေ၌ ဆွေးနွေး
Mar 19,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေး လုပ်ငန်းဆောင်ရွက်
Mar 19,2020
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ချမ်းငြိမ်း ဦးဆောင်သော ဝန်ထမ်းများသည် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က (ပြန်/ဆက်) ရုံး စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိတ်သတ်များအား (COVID-19) ရောဂါထိန်းချုပ်ကာကွယ်ရေး အကြောင်းအရာများအား ပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ရွှေဘိုခရိုင်အတွင်း စက်ရေတွင်းများ၊ မြေသားရေကန်များ ဖော်ဆောင်လျက်ရှိ
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း နွေရာသီ၌ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျပ်သန်း (၃၇၇.၅) သန်းဖြင့် စက်ရေတွင်းများ၊ မြေသားရေကန်များ ဖော်ဆောင် လျက်ရှိကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်သို့ ငွေကျပ် (၁၀) သိန်းလှူဒါန်း
Mar 19,2020
ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်သို့ စာပေဒါနအဖြစ် အလှူငွေကျပ်သိန်း (၁၀) သိန်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပေးအပ်လှူဒါန်းသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်သည်။
မြိုင်မြို့၌ နွေရာသီ မီးဘေးအန္တရာယ်အတွက် မြို့ပေါ်ရှိမီးသတ်ရေကန်များအား သန့်ရှင်းခြင်း နှင့် ရေငုတ်များအား ကြည့်ရှုစစ်ဆေး
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ရေးမီးသတ်ယာဉ်များ ရေအလွယ်တကူရရှိသယ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ထားသော ရေလောင်ကန်များသန့်ရှင်းခြင်းနှင့် ရေငုတ်များပျက်စီးမှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။မြိုင် မတ် ၁၉ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ရေး ၊ မီးသတ်ယာဉ်များ ရေအလွယ်တကူရရှိသယ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ထားသော ရေလောင်ကန်များသန့်ရှင်းခြင်းနှင့် ရေငုတ်များပျက်စီးမှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါ လုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ(မြို့မ) ဈေးကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အောင်ကျော်မိုး(ပြန်/ဆက်)