သတင်းများ

ညောင်ဦးမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှု ဆောင်ရွက်
Sep 11,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့်အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက်တွင် သရုပ်ပြမဲမေးစက်ဖြင့် မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်‌ရေးတို့အတွက် (Plastic Campaign) ဆောင်ရွက်
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ပလတ်စတစ်ကင်းစင်ရေးနှင့်အမှိုက်များစနစ်တကျစွန့်ပစ်‌ ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုအား၊  ယမန်နေ့နံနက် (၈)နာရီခွဲအချိန်ကဟုမ္မလင်းမြို့နယ်၊ နားနှုံးကျေးရွာ ချင်းတွင်းမြစ်ကမ်းနားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Sep 11,2025
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ  ၉  ရက်နေ့မှ စတင်၍ အာဟာရကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး‌ ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ကြမည့် အနုပညာရှင်များနှင့် ဖိတ်ကြားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တံတားဦးမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်း
Sep 11,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်သို့ မြန်မာနိုင်ငံအမျိုးသမီး‌ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စု ကောလင်းဘုန်းတော်ကြီးကျောင်း၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း လှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၁၁ ရက်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကလေးဝမြို့တွင် ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေး
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့၏ မြေပေါ်ရေ အရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ တက်ရောက်အားပေး
Sep 11,2025
ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၀) စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့ထမ္မလိန်း ကျေးရွာ၊ ကွင်းအမှတ် (၁၂၀၄)၊ ကံမြားမြောက်ကွင်း၊ တောင်သူဦးကျမောင်း၏လယ်မြေ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်၍ တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များ အခမဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။