ဘုတ်ပြင်း စက်တင်ဘာ ၁၁
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ ၉ ရက်နေ့မှ စတင်၍ အာဟာရကျွေးမွေးလျက်ရှိကြောင်း သိရသည်။
အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော ထမင်း၊ ကြက်အားလူးပေါင်း၊ အသီးအရွက်ကြော်၊ ပဲနီလေးဟင်းချို၊ သရက်သီသုတ်နှင့်ပြောင်းဖူးအချိုများဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့်လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသားမိဘများက နေ့လယ်စာ ကျွေးမွေးခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ အာဟာရများ ချက်ပြုတ်နေမှုနှင့်ကျွေးမွေးနေမှုကို ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများက ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းနေအရွယ်ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ကျန်းမာရေးနှင့် ပညာရေးဌာနအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်း မာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီသည့် အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်အလိုက် ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)