သတင်းများ

ကျိုက်လတ်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ယမန်နေ့နေ့လယ်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကျေးရွာအရောက် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးရွာအရောက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နေ့လယ် (၁) နာရီက ရန်မနိုင်ကျေးရွာ၊ အောင်မြေသိပ္ပံကျောင်းတိုက်၊ သုခချမ်းသာဓမ္မရုံ၌ ကျင်းပခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲကျင်းပ
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စက်မှုလုပ်ငန်းရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကမ်းနားရွာသစ်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး‌ရေးစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ကျောက်ပြားခင်းခြင်းလုပ်ငန်းဆောင်ရွက်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကျီးကုန်းကျေးရွာအုပ်စု၊ ကမ်းနားရွာသစ်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၉ ရက်နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကလေးမြို့၌ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အသက် ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကန့်ဘလူမြို့၌ စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များ ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးသည်။
ဓနုဖြူမြို့နယ်၌ စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျုံတနီးတိုက်နယ်၊ မင်းဂရုလမ်းရှိ New Land စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးလုပ်ကိုင်သည့် ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ယမန်နေ့နံနက်ပိုင်း မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။