သတင်းများ

သာစည်မြို့တွင်း၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး
Sep 11,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့တွင် မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီကာလ ရေမြောင်းများ ပိတ်ဆိုမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြိုနယ်စည်ပင်သာယာရေးအဖွဲမှ ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Sep 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင်၊ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 11,2025
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းရှိ ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး ဟောပြော
Sep 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြေမိကုန်းရပ်ကွက်နှင့် မြင်တင်ရပ်ကွက်နေပြည်သူများအား မြန်မာ​အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း၊ အသိပညာပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကံ့ကော်ရပ်ကွက် သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အခမ်းအနား ပြုလုပ်
Sep 11,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကံ့ကော်ရပ်ကွက် သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်း၌ အဆိုပါအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Billboard စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 11,2025
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၃)ရက်တွင် ကျရောက်မည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်ပါ Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက စုပေါင်းရုံးလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် ကလေးအလုပ်သမားများခိုင်းစေမှုမှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ စက်တင်ဘာ ၉ ရက် နံနက် (၁၀)နာရီအချိန်က အ.မ.က(မူလွန်) နတ်စဉ်ကုန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်) ကွမ်းသီးခြံကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။