သတင်းများ

ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဟိုင်းကြီးကျွန်၌ မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ပေါင်းရှင်းတမန်းနိုး ကွင်းသရုပ်ပြ​ဆောင်ရွက်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မြို့သစ်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုသမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ နှင့် ပေါင်းရှင်းတမန်းနိုး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် တောင်သူဦးမြင့်ဝင်း၏ လယ်ကွင်းအတွင်း၌ ကျင်းပခဲ့ရာ ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ထန်းတပင်၌ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Aug 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေး ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာ တွင် (Mask)နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင် ကာသွားလာစေရေး အသိပညာပေးနှိုးဆော်မှုများနှင့် Mask နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မစျေး ရှေ့နှင့် လမ်းဆုံ ကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း Mask တပ်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေဆောင်ရွက်
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း Mask များတပ်ဆင်ရန်နှင့် Mask များ အခမဲ့ ဖြန်ဝေခြင်းကို လူစည်ကားရာ နေရာများဖြစ်သော ကားမှတ်တိုင်များ၊ စျေးအဝင်/အထွက်ပေါက်နေရာများနှင့် ဆိုက်ကားဂိတ်နေရာများတွင် ယမန် နေ့ မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်မှ ဦးဆောင်၍ Covid-19 ​ရော
တောင်ငူမြို့နယ်အတွင်း ရောင်းချစျေးဆိုင်များ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန် အစည်းအဝေးပြုလုပ်
Aug 28,2020
တောင်ငူမြို့နယ်အတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာ လူနာအမှတ် ၆၀၆ ယနေ့နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် -၁၉ ရောဂါအား ကာကွယ်နိုင်ရန် ဖွင့်လှစ်ရောင်းချ စျေးဆိုင်များ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရောင်းချရန်နှင့် စားသောက်ဆိုင်များ ၊ ကော်ဖီဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချရန် အရေးပေါ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ကျင်းပသည်။
မယ်စဲ့မြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ
Aug 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ တောင်သူဦးညွှန့်မောင် ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၉)၊ စိုက်ဧက (၂.၅၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈) နာရီက ပြုလုပ်ခဲ့သည်။
တမူးခရိုင်၊ ခါမ်းပါတ်မြို့ ဘုတ်ကန်ကျေးရွာနှင့် ထင်းဇင်ရွာသစ်ကျေးရွာတို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကလေး-တမူးလမ်းပေါ်ရှိ ဘုတ်ကန်ကျေးရွာနှင့် ထင်းဇင်ရွာသစ် ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Aug 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးသူငယ်များအား တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။