သတင်းများ

သန်လျင်၌ အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ဇာတ်တိုက် လေ့ကျင့်
Feb 23,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နံနက် ၁၀ နာရီက Star City ကြယ်စင်အိမ်ရာ၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ က (စ)ရပ်ကွက် သန္တာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်
Feb 23,2020
အခြေခံပညာကျောင်းများတွင် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့် အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု ၊ အသင်းအဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခြင်းကို တတ်နိုင် သည့်ဘက်မှ ပုံပိုးကူညီရန်ရည်ရွယ်ချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန်အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အထက -၁ ၊ မြတ်ရတနာခန်းမတွင် ပြုလုပ်သည်။
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် မြို့နယ်အဆင့်မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်း က မြို့နယ်အဆင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Feb 23,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်တလုံးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 23,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု ကျောက်တလုံးကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့်အဖွဲ့ ရွှေကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Feb 23,2020
ကချင်ပြည်နယ်၊ အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ရွှေကူမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မံဝိန်းကျေးရွာအုပ်စု၊ တုံးကောက်ကျေးရွာ တောင်သူဦးချိုအေး၏ ဆောင်းပဲမျိုးစုံ စံပြစိုက်ကွက်တွင် စိုက်ပျိုးထားသော သီးနှံအခြေအနေများအား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ
Feb 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ် ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံခန်းမ၌ ကျင်းပခဲ့သည်။