လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကုန်းကျောင်း ဓမ္မာရုံ၌ ဖေဖော်ဝါရီ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကျင်း ပပြုလုပ်သွားမည်ဖြစ်သည်။