ဂန့်ဂေါမြို့နယ်၊ ရဲလှကျေးရွာတွင် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၃

စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေး​ပွဲကို ယနေ့လယ်ပိုင်းက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ကြီးမှူး၍ ရဲလှကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးအတွက် လိုက်နာကျင့်သုံးသင့်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ( GAP) အကြောင်းနှင့် အကျိုးပြု အဏုဇီဝ ဖျော်ရည် အီးအမ်ကို အသုံးပြု၍ သဘာဝမြေဆွေးနှင့် သဘာဝပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းများကို ပညာပေး ဆွေးနွေးကြသည်။

အလားတူ ပညာပေးဆွေးနွေးပွဲကို ဂန့်ဂေါမြို့နယ်၊ ပုံတောင်ပုံညာဒေသ ကျောမြို့တွင်လည်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ သဘာဝမြေဆွေးများကို လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

တောင်သားမောင်သန်း