Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် ပစ္စည်းဖိုးငွေများပေးအပ်
Oct 05,2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Oct 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂၈၅) ခြေလျင် တပ်ရင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား ဆန်နှင့် စားသောက်ကုန်များပေးအပ်ခြင်းနှင့် သီတင်းကျွတ်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖွင့်လှစ်
Oct 05,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရမ်ပူရပ်ကွက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရမ်ပူ-၁)၌ သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့၌ ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်များ ရိတ်သိမ်း
Oct 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၁၆၀) တောင်သူ ဦးဝင်းနိုင်၏ မိုးစပါးစိုက်ဧက (၇)ဧကအား ယမန်နေ့ နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Oct 05,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အောက်တိုဘာလ ၃ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ယမန်နေ့နံနက် ၁၀ နာရီက ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ အကြိမ် ၅၀ မြောက် ရွှေရတုသဘင် သက်ကြီးပူဇော်ပွဲကျင်းပ
Oct 05,2025
ရန်ကင်းမြို့နယ် အမှတ် (၅) ရပ်ကွက်လုံးဆိုင်ရာ အကြိမ် ၅၀ မြောက် ရွှေရတုသဘင် သက်ကြီး ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက် ဓမ္မိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေးအတွက် သီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
Oct 05,2025
ချင်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် သီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးခရိုင်စုပေါင်းရုံး ချယ်ရီခန်းမဆောင်၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂ဝ၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ပြိုင်ပွဲဝင်အဖွဲ့များအား တွေ့ဆုံပွဲ တက်ရောက်
Oct 05,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂ဝ၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ပြိုင်ပွဲဝင်အဖွဲ့များအားတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အေးသာယာမြို့၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2825
Page
2826
Page
2827
Page
2828
Current page
2829
Page
2830
Page
2831
Page
2832
Page
2833
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department