ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေးအတွက် သီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ဟားခါး အောက်တိုဘာ ၅

ချင်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် သီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးခရိုင်စုပေါင်းရုံး ချယ်ရီခန်းမဆောင်၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ဟားခါးမြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးတောင်သူများ၏လိုလားချက်၊ လိုအပ်ချက်များနှင့် ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြလိုသည့်အချက်များ လွတ်လပ်စွာ တင်ပြနိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ် ကြောင်း၊ ချင်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်နှစ်တိုင်း ရန်ပုံငွေ များ ခွဲဝေခွင့်ပြုခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်၏ စေတနာကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မိမိရပ်ကွက်၊ ကျေးရွာရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီ စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ခြင်း၊ ကျောင်းနေရွယ်လူငယ်၊ လူရွယ်များအား ကျောင်း တက်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတက်ရောက်လာကြသည့် သီးနှံစိုက်ပျိုးတောင်သူများအနေဖြင့်  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ဆွေးနွေးဟောပြောချက်များကို သေချာမှတ်သားကြရန်နှင့် ထပ်မံသိရှိလိုသည့်အချက်များနှင့် ပြည်နယ်အစိုးရထံ တင်ပြလိုသည့်အချက်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အတွင်း စာရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အမှတ်(၃)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ သမ ဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးဟောပြောကြပြီး အခမ်းအနားတက်ရောက်လာကြသည့် သီးနှံစိုက်ပျိုးတောင်သူများက ထပ်မံသိရှိလိုသည့်အချက်များနှင့် တင်ပြလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြကာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)