သတင်းများ

ငွေဆောင်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူ(တိုင်းပြင်ပ)များထဲမှ အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာ(တိုင်းပြင်ပ)ပြည်သူများထဲမှ အသက်( ၁၈ )နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ယနေ့နံနက်( ၁၀း၃၀) နာရီမှစတင်ကာ မြို့ပေါ်ရပ်ကွက် (၁,၂,၃,၄)နှင့် ဆင်မ၊ ကျောက်ဖျာ၊ သဇင်ကျေးရွာအုပ်စုများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ
Oct 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားသည်။
ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင်စာရင်းရရှိရန် အိမ်ထောင်စုတစ်စုလျှင်အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံနှိုး‌ဆော်
Oct 01,2025
ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်)လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံနှိုး‌ဆော်ပါကြောင်း မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က ပြောကြားသည်။
မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေငြာ
Oct 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက် (၇)နာရီမှစတင်၍ မြို့ပေါ် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ
Oct 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌လာမည့်ရွေးကောက်ပွဲတွင်မဲပေးနိုင်ရေးမဲဆန္ဒရှင်စာရင်းများကြေညာ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ(၃၀)ရက် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ
Oct 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဇမ္ဗုသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ
Oct 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။