သတင်းများ

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်(၂၆)ဦး ထပ်မံတွေ့ရှိ
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDTTestKit ဖြင့် စစ်ဆေး ပေးခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၂၆)ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တနင်္သာရီမြို့တွင် (COVID-19) ရောဂါ တားဆီးကာကွယ်ရေးအတွက် (Mask) မတပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာနေသူများအား စစ်ဆေးဒဏ်ရိုက်၍ ပညာပေးခြင်းဆောင်ရွက်
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇နာရီအချိန်က (COVID-19) ရောဂါတားဆီးကာကွယ်ရေးအတွက် (Mask) မတပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား စစ်ဆေးဒဏ်ရိုက်၍ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးပြည့်ထွန်းနှင့် ဝန်ထမ်းများ၊
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၃)ဦး ထပ်မံတွေ့ရှိ
Jul 12,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့လာရောက်၍ (RDT)ဖြင့် ယမန်နေ့ညနေပိုင်းတွင် လာရောက်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ သတင်းသမားများအတွက် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ် စာအုပ်များနှင့် သတင်းသမားဆောင်း ဦးထုပ်များ လှူဒါန်း
Jul 12,2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ သတင်းသမားများအတွက် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်များနှင့် သတင်းသမားဆောင်း ဦးထုပ်များ လှူဒါန်းခြင်းကို ယနေ့ မွန်းလွှဲ(၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်ငူ​ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနအတွက် အောက်စီဂျင်အိုး (၇) လုံးနှင့် လေဘားဂိတ်များ စုပေါင်းလှူဒါန်း
Jul 12,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး ကိုဗစ်- ၁၉ ရောဂါကုသရေးဌာန၌ အရေးပေါ် လိုအပ်သည့် လူနာများအတွက် အောက်စီဂျင်အိုးများ ရရှိနိုင်ရေးရည်ရွယ်ကာ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့က အလှူရှင်များကိုယ်စား တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (ERT) မှ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃၁)ဦးထိ ရှိလာ
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၁၃၁)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊
ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ဆေးကုသမှု ဆောင်ရွက် ပေးလျက်ရှိ
Jul 12,2021
ပြငဦးလွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စနစ်တကျ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ပြင်ဦးလွင်ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး Isolation Ward၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ ရောဂါကုသရေး Center၊ တောင်စလင်း ကျောင်းတိုက် အတွင်းရှိ covid centre၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး)နှင့် ကုတင် (၅၀)ဆံ့ဆေးရုံ (ဇီးပင်ကြီး) တို့တွင် အသီးသီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ဇရပ်လှကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းအစည်းအဝေး ကျင်းပ
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ နံက်ပိုင်းက ဇရပ်လှကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။