သတင်းများ

ဘူတာဈေးရှိ ဈေးသည်များအား ယာယီဈေးတွင် ပြောင်းရွှေ့ရောင်းချနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
Jul 12,2021
လားရှိုးမြို့တွင် ရောဂါပိုးတွေ့ရှိ လူနာများ များပြားလာမှုကြောင့် မြို့မဈေးကြီး အပါအဝင်ဈေး(၃)ဈေး နှင့် ရပ်ကွက်(၉)ရှိ(ဘူတာဈေး)အား ယာယီပိတ်သိမ်းကြောင်း ဇွန်လ(၁၈)ရက်နေ့မှစ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြေညာခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိ
Jul 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း CBFQ တွင် ယမန်နေ့က အနံ့ပျောက်သူများနှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း (၃၇)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ဝင်းကြီး(၆)မိုင်မှ ၁ ဦး၊ ပိန္နဲကုန်းကျေးရွာမှ ၁ ဦး၊ သင်တော ကျေးရွာမှ ၄ ဦး၊ စက်ဝင်း (၂)ရပ်မှ ၉ ဦး၊ မြို့သစ် (၁)ရပ်မှ ၁ ဦး၊ ဖလဲတန်းရပ်မှ ၁ ဦး၊ မြို့သစ်(၃)ရပ်မှ ၁ ဦး၊ စုစုပေါင်း ကိုဗစ် -၁၉အတည်ပြုလူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး ထပ်မံတွေ့ ရှိပြီး ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် (၃)ဦးဆေးရုံဆင်းခွင့်ရ
Jul 12,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၁၁ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦး ထပ်မံတွေ့ရှိ
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
ခမောက်ကြီးမြို့တွင် ရေကြီးနှစ်မြုပ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ကျဆင်းပြီး ညနေ ၄ နာရီ ၃၉ မိနစ်အချိန်ခန့်၌ ဆေးရုံ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေအိမ်ခြေများ ရေကြီးနှစ်မြှုပ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က နံနက် (၄) နာရီအချိန်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦး ထပ်မံတွေ့ရှိ
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
ကျိုင်းတုံမြို့မဈေးကြီအပါအဝင် စျေးများအား ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ယာယီပိတ်သွားမည်
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထပ်မံ တွေ့ရှိနေခြင်းကြောင့် ကျိုင်းတုံမြို့မဈေးကြီအပါအဝင် စျေးများအား ဇူလိုင် ၁၃ ရက်မှ ၂၂ ရက်အထိ ယာယီပိတ် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။
မံစီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ်(၁၈၇၅၀၄၀၀)ကျပ် တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများလှူဒါန်း
Jul 12,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဟန်ထက်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဒေါ်ဝေဝေမိသားစု သိရောမဏိကျောက်မျက်ရတနာကုမ္ပဏီနှင့် မဟာရွှေဇဗ္ဗူ ကုမ္ပဏီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် (၁၈၇၅၀၄၀၀)ကျပ်တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ယနေ့ နံနက် ၁၀ နာရီက မံစီမြို့ဇိနမာရ်အောင်မြို့ဦး စေတီတော်၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။