သတင်းများ

စပါးစေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို COVID-19 ရောဂါ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ
Jul 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာတွင် ဇူလိုင် ၂၇ ရက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများကို COVID-19 ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရပ်စောက်မြို့၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာများထုတ်ပေး
Jul 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးခြင်း ဆောင်ရွက်မှုကို ရဿဝတီခန်းမ၌ ယနေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ဆရာဆရာမများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Jul 28,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်ကြားရေး ဆရာဆရာမ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန့်နေ့က စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 28,2021
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်း အဝေးကို ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးတပ်နယ်မှူး၊ တပ်မ(၈၈) တပ်မ မှူးနှင့် မကွေးလေတပ်စခန်း ဌာနချုပ်မှူးတို့ တက်ရောက်ခဲ့ကြသည်။
သရက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jul 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား  ယနေ့ နံနက်ပိုင်းတွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jul 28,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်မှ စတင်၍ ပုံမှန်ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်
Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ရှမ်း၊ မြန်မာ ဘာသာများဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။