ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းတွင် နေထိုင်သော ပြည်သူများ ပြောင်းရွှေ့နိုင်ရေး လိုက်လံနှိုးဆော်

ကျိုက်ထို၊ ဇူလိုင်၂၈

ကျိုက်ထိုမြို့နယ်အတွင်း ယနေ့ နံနက်(၉)နာရီ(၃၀)မိနစ်အချိန်ခန့်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းကာ ကဒက်ချောင်းမှရေလျှံ၍ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ အနိမ့်ပိုင်းတွင် ရေ ၃ ပေခန့် ဝင်ရောက် လာပါသဖြင့် အနိမ့်ပိုင်း တွင်နေထိုင် သောပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် လိုက်လံနှိုးဆော်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါရေ၀င်ရောက်သောနေရာများသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းဇော်ဦးနှင့်တပ်ဖွဲ့၀င်များ၊ ခမရ(၂)မှ ဗိုလ်ကြီး သန့်ဇင်ထက်နှင့်တပ်ဖွဲ့၀င်များ၊ မြို့နယ်ထွေအုပ်၀န်ထမ်းများ၊မီးသတ်ဦးစီးမှူး ဦးတင်ထွေးနှင့်တပ်ဖွဲ့ ၀င်များတို့မှ ကော့စံနိုင် ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ အနိမ့်ပိုင်းရှိ အိမ်ထောင်စုများအား သွားရောက်ကြည့်ရှုပြီး အိမ်ထောင်စုများအားအထက(၂)၊ ကော့စံနိုင် သို့ မော်တော်ယာဉ် များဖြင့် ရွှေ့ပြောင်းနိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။