သရက် အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုးပင်အုပ်စု မုဉ္ဇလီကျေးရွာ၌ ကွင်းအမှတ်(၅၂) ဦးပိုင်(၂၅၃) တောင်သူဦးလှသိန်း၏လယ်မြေ (၁.၀၀)ဧက၌ မိုးစပါး(အောင်နိုင်တိုး) စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံ ခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်ထိုက်မှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမြင့်စိုးမှ စံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပေးခဲ့သည်။
ထို့နောက် (၆၆ပေ ၆၆ပေ) အရွယ် စံကွက်ရိတ်သိမ်းခဲ့ပြီး တစ်ဧကအစို (၁၄၀)တင်း၊ အခေါက်(၁၂၆)တင်း ထွက်ရှိခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင့်နေအောင်၏ ပြောကြားချက်အရ ယခင်နှစ် အောင်တိုးစပါး စိုက်ပျိုးခဲ့မှုမရှိကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်စ၍ စိုက်ပျိုးခဲ့ရာ စိုက်ဧက ၂၀၁ ရှိပြီး ယခုနှစ်တွင် အောင်နိုင်တိုး(၂၀)ဧက စံပြကွက် စိုက်ပျိုးဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်များထက် အထွက်နှုန်းသိသာစွာ ပိုထွက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ကြပ်များ၊ ကျေးရွာ တောင်သူများ၊ စိုက်ပျိုးရေးနှင့်မြေ စာရင်းဌာနတို့မှ ဝန်ထမ်းများ စုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဇော်ထက်(သရက်)