တောရကျေးရွာ မြစိမ်းရောင်စီမံကိန်း မီးလင်းရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ကံကြီးကျေးရွာအုပ်စု တောရကျေး ရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအေးလွင်နှင့်အဖွဲ့က ဇွန်လ ၂၃ ရက်နေ့ မွန်လွဲပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။