သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်စိုပြေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  မိုးရာသီစု‌‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်နေပြည်သူများနှင့် စျေးများတွင် ဖြန့်ဝေပေးခဲ့သည်။
ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ဈေးရောင်းချနိုင်ရန် ယာယီပျံကျ ဈေးဖွင့်လှစ်
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို တားဆီး ကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ၆ပေအကွာဈေးရောင်းချနိုင်ရန် မြို့မစည်ပင်သာယာ ဈေး၌ ဈေးရောင်းချသူအချို့ကို အောင်မင်္ဂလာခန်းမဝန်းအတွင်း ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စီစဉ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
မိုင်းရယ်မြို့ မြို့မဈေးကြီး မီးဘေးအန္တရာယ်မရှိစေရေး ကြည့်ရှုစစ်ဆေး
Jun 24,2021
မိုင်းရယ်မြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦစိုးမိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းစိုးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က မြို့ဈေးကြီး အတွင်းရှိ ဆိုင်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို အရှိန်အဟုန်မြှင့်၍ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ပပျောက်ရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများသို့သွား ရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်
Jun 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ စာပေကိုတန်ဖိုးထား ဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် လူငယ်များမူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ခိုင်ချစ်အောင် ရေးသားသည့် “အဖြူရောင်ရေခဲလွင်ပြင်နှင့်အညိုရောင်ချောကလက်အိပ်မက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပျိုပင်များဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်   သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက်  မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိကာ ဒေသခံပြည်သူများအား ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။