သတင်းများ

ဝန်းသိုမြို့၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ “ဆရာတော်ဘဒ္ဒန္တဇဝန” မဟာထေရ်မြတ်၏ ဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာ မင်္ဂလာအခမ်းအနားကျင်းပ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့၊ ခန္တီးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ “ဆရာတော် ဘဒ္ဒန္တဇဝန” မဟာထေရ်မြတ်ကြီးအား ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ကြည်ညိုလေးစား ကြကုန်သော တပည့် ရဟန်း သံဃာများနှင့် ဒါယကာ ဒါယိကာမအပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူ ဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စစ်ကဲကြီးရပ်ကွက် အဆိုပါကျောင်းတိုက် ဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့် နေရာများဖြစ် သည့် ဈေး၊ ကားဂိတ်၊ မြို့အဝင်မင်္ဂလာမုဒ်ဦးနှင့် အခြေခံပညာကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
၂၀၂၁ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တောင်ငူခရိုင် ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ စိုက်ပျိုးစရိတ်​ချေး​ငွေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 24,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲတို့ ပူးပေါင်း၍စိုက်ပျိုးစရိတ်​ချေး​ငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ​နေ့လယ် ၂နာရီခွဲအချိန်က ​ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့နံနက် ၈ နာရီချိန်က ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် ဆည်ရေလုံလောက်စွာ ပေးဝေနိုင်သဖြင့် နွေစပါး များအောင်မြင်ဖြစ်ထွန်း
Jun 24,2021
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ယခုနှစ် ၂၀၂၁ ခုနှစ် နွေရာသီ သီးနှံစိုက်ပျိုးရေး အတွက် အစိုးရဆည်တမံ (၃)ခုဖြစ်သည့် ဆဒ္ဒန်တမံ၊ စွန်တမံ၊ပုလင်းတမံ တို့မှ စုစုပေါင်းလျာထား နွေစပါး (၈၆၀)ဧက နှင့် နွေနှမ်း (၆၀၀)ဧက စိုက်ပျိုးနိုင်ရေး ဆည်ရေပေးလွှတ်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။
သဲကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမ များ၊ ပြည်သူများကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရသည်။