သတင်းများ

အမာမြို့၊ (၃)ရပ်ကွက်တွင် ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၃)ရပ်ကွက်ရှိ ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာ ပေးနှိုးဆော်
Dec 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့်စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော် မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်‌၌ ဒေသခံခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေကာ ကာကွယ်ဆေး မဖြစ်မနေထိုးနှံရေး အသိပေးပြောကြား
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှု မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဒေသခံ ခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၂၁၈) ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေး
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀) နာရီက အမှတ်(၄) ရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 15,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များက စာဖတ်ဝိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာမှုရှိ/မရှိ ကြပ်မတ်စစ်ဆေး
Dec 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်ခြင်းရှိ/မရှိကို ကြည့်ရှု့ စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် တာဝန်ရှိသူများက လိုက်လံပြသကြ‌သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ‌ဆောင်ရွက်ထား
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြ သ ဆောင်ရွက်ထားခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအ ခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲကို  ယမန်နေ့ နံနက်(၉)အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ မူလတန်း ကျောင်းများမှ ကျောင်းသား/သူများမှ ဆရာရွှေနံသာကောလင်း ရေးသားသော လွတ်လပ်ရေး အထိမ်းအမှတ် ကဗျာနှင့် ဆရာထွန်းမင်းဝေ ရေးသားသော လွတ်လပ်ရေးအဓိဌာန် ကဗျာများဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။