ကွမ်းခြံကုန်း ဒီဇင်ဘာလ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များက စာဖတ်ဝိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများ အသင်း (Youth Club) ဥက္ကဋ္ဌ ကိုကျော်သူဟိန်းက စာရေး ဆရာမြဝင်း( (ဒသာန) ရေးသားထားသည့် ကဗျာလည်းသင် စာလည်းသင် စာအုပ်ထဲမှာပါဝင်သည့်သူများအကျိုး ကိုယ့်အကျိုး၊ မောင်တို့ကမ္ဘာ၊ လူကလေးတို့ ပတ်ဝန်းကျင် ခေါင်းစဉ်ပါစသည့် အကြောင်းအရာများကို တက်ရောက် လာသည့် စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွား စေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online pageမှ တဆင့် စာအုပ်မိတ်ဆက်၊ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း အပြင်စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်း (Talk Show)နှင့် စာဖတ်ဝိုင်း များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်