သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ မူလတန်း ကျောင်းများမှ ကျောင်းသား/သူများမှ ဆရာရွှေနံသာကောလင်း ရေးသားသော လွတ်လပ်ရေး အထိမ်းအမှတ် ကဗျာနှင့် ဆရာထွန်းမင်းဝေ ရေးသားသော လွတ်လပ်ရေးအဓိဌာန် ကဗျာများဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် အခြေခံမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ၊ မိဘပြည်သူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိ သူ ကျောင်းသား/သူ များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူး ဒေါ်စန္ဒာမိုးနှင့် ကျောင်းအုပ်ဆရာကြီးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)