ကျိုက်မရော ဒီဇင်ဘာ ၂၃
ပြည်သူများနေ့စဥ်စားသုံးလျက်ရှိသည့် အသီးအနှံများတွင်ဆောင်းရာသီသီးနှံတစ် မျိုးဖြစ်သည့်အိမ်ရှင်မများ အကြိုက်မုန်ညင်းရွက်အပင်များ ကိုကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စုတွင်ခြံစိုက်တောင်သူများ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရသဖြင့် မိသားစုများအပိုဝင်ငွေရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရာသီအလိုက် သီးနှံများ ထဲ၌စိုက်ပျိုးဖြစ်ထွန်းသည့် ဟင်းသီးဟင်းရွက်များ အနက်စျေးကွက်ဝယ်လို အားကောင်း သည့်မုန်ညင်းရွက်ကို မြွေဟောက်ကျေးရွာ၌ပို၍ စိုက်ပျိုးလာကြကြောင်းသိရသည်။ မုန်ညင်းကို အအေးဓတ်များ သောဒေသတွင် ပို၍စိုက်ပျိုးပြီးစိုက်ပျိူးမြေမှာ မြေဆီမြေသြဇာကြွယ်ဝရန်လို အပ်ပြီး မြေဆီမြေသြဇာ မကြွယ်ဝ သောမြေဖြစ်ပါကနွားချေးနှင့်မြေဆွေးထည့်မွှေ ရန်လိုအပ် ကြောင်း မုန်ညင်းရွက်ကိုရာ သီမရွေးစိုက်ပျိုးနိုင်သော်လည်း အအေးကြိုက်သောသီးနှံဖြစ်၍ ဆောင်း ရာသီတွင် ပိုမိုစိုက် ပျိုးဖြစ်ထွန်းကြောင်းမုန်ညင်းစိုက်တောင်သူဦးဇေယျာကပြောသည်။မုန်ညင်း ရွက်ပင်များ ကိုပျိုးထောင် စိုက်ပျိုးမည်ဆိုပါက အရွက်သေးများ အတွက် တစ်ပေ အကွာအတန်းများ တွင်တစ်ပင်နှင့် တစ်ပင်တစ်ပေ ခြား၍စိုက်ပျိုးရကြောင်းအရွက်ကြီးမျိုးကိုတစ်ပင်နှင့်တစ်ပင်တစ်ပေ ခြား၍စိုက်ပျိုးရ ကြောင်း သိရသည်။
မုန်ညင်းရွက်ကိုဆောင်းရာသီအစနိုဝင်ဘာလဆန်းပိုင်းတွင်စတင်စိုက်ပျိုးကြပြီး ၄၅ရက်အကြာတွင်ခူး၍ ရရှိပြီးဖြစ်ရာ မုန်ညင်း ရွက်ကိုအချို့က ပိသာချိန်နှင့် ရောင်းပြီး အချို့ကအပင်လိုက်နှုတ်ပြီးတစ်ပင်ကို ၂၀၀ကျပ်၊ ၃၀၀ကျပ်အထိ စျေးရ၍မုန်ညင်းကို စီးပွားဖြစ်စိုက်ပျိုးသူများအပိုဝင်ငွေရရှိကာ စီးပွားရေး အဆင် ပြေလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)