သတင်းများ

ဘုတလင်မြို့တွင် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ (Talk Show) ဆောင်ရွက်
Dec 24,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ (Talk Show) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဘုတလင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆောင်ရွက်
Dec 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်‌နေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာ‌ရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ရေးသားသည့် ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့ကောင်းမြတ်ချမ်းသာ ဆုတောင်းပြည့် မြို့ဦးစေတီတော်၌ ရပ်တော်မူ ရုပ်ပွားတော်မြတ်တည်ထားရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Dec 24,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မ(၃)ရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသော ကောင်းမြတ်ချမ်းသာဆုတောင်းပြည့် မြို့ဦးစေတီတော်တွင် ရပ်တော်မူ ရုပ်ပွားတော်မြတ်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၁၃၃ ဦးအား လူမှုရေးပင်စင်ထောက်ပံ့
Dec 24,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား ၁၃၃ ဦးအား ယနေ့တွင် လူမှုရေးပင်စင်ကို ဘိုးဘွားများ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၇၆.၃၂ ရာနှုန်းနှင့် အိမ်ထောင် စုလူဦး‌ရေစာရင်း ၆၅.၈၃ ရာနှုန်းပြီးစီးပြီဖြစ်
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ပြည်သူများအတွက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ဆောင်ရွက်မှု ၇၆.၃၂ ရာနှုန်းနှင့်အိမ်ထောင်စုလူဦး‌ရေစာရင်း ဆောင်ရွက်မှု ၆၅.၈၃ ရာနှုန်းပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
မကွေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် Mask Campaign လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝ
Dec 24,2021
မကွေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် Mask Campaign လှုပ်ရှားမှု အနေဖြင့် ယနေ့ နံနက်(၇)နာရီအချိန်က မကွေးမြို့နယ် ကန်သာဈေးနှင့် ရန်ပယ်ဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၁၀၀၀)ခန့် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ပန်းညိုကျေးရွာတွင် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပန်းညိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ (၅၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Dec 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်နိုင်ရန် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဟိဏ်းသီရိကျော်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဆိုင်းဘုတ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီးနှင့် ဟိုပန်မြို့ဝင်တို့တွင် စိုက်ထူခဲ့ကြသည်။