ကျုံပျော် ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ပြည်သူများအတွက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ဆောင်ရွက်မှု ၇၆.၃၂ ရာနှုန်းနှင့်အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှု ၆၅.၈၃ ရာနှုန်းပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြို့နယ်လဝကဦးစီးမှူး ဦးထွန်းအေးဦးဆောင်သည့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ကို ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၁၉၀) ဆောင်ရွက်ရန် ရှိရာမှ (၇၀၁၄) ခု၊ ၇၆.၃၂ ရာနှုန်း ဆောင်ရွက်ပြီးဖြစ်ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်း (၂၂၉၈)ခု ဆောင်ရွက် ရန်ရှိရာမှ (၁၅၁၃)ခု၊ ၆၅.၈၃ ရာနှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
ဌာနအနေဖြင့် ပြည်သူများအတွက် ပန်းခင်းစီမံချက် ပထမ(၃)လတွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများကို မြို့နယ်လဝကရုံးသို့ ခေါ်ယူဆောင်ရွက်ပေးခဲ့ပြီး၊ ယခုအခါကျေး ရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်ရှိမှုများရှိပါက ကောက်သင်း ကောက်စနစ်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)