သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်အား အများပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Dec 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက  သတိပေး ကြေညာချက်အား မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် လမ်းမကြီးများ အပါအဝင် လမ်းသွယ်များအတွင်း တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်အသိပေးကြေညာခြင်း ဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ/ဒုတိယ) အကြိမ် ထိုးနှံပေး
Dec 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ/ဒုတိယ) အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆင်ထိုးကြီးကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Dec 24,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ(စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)နှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်)အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Dec 24,2021
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်‌ ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ‌ပြောင်း အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာ လာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
ရေးမြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program(NCMP) မိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်
Dec 24,2021
မွန်ပြည်နယ်တရားလွှတ်​တော် ရေးမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အ​ကောင်အထည်​ဖော်​ ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှု ခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနားကို ယ​နေ့နံနက် ၁၁ နာရီက ​မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Telegram Channel  လက်တွေ့ အသုံးပြုနည်း သင်တန်း ဖွင့်လှစ်
Dec 24,2021
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Telegram Channel လက်တွေ့ အသုံးပြုနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
အောင်လံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Dec 24,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုရုံးတွင်ဆောင်ရွက်မှုနှင့် ကွင်းဆင်း ဆောင်ရွက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။