သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ထားဝယ်မြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်
Jan 06,2022
ထားဝယ်မြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှု သိသိသာသာလျော့နည်းလာ
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင်  ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၂•၅ ရာခိုင်နှုန်း ထိကျဆင်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်။
စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအာ:ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၁၀၀၈၇၂)ဦးထိုးနှံပေးပြီးဖြစ်
Jan 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိရာ ယနေ့ အထိ   (၁၀၀၈၇၂) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ငှက်ပျောချည်မျှင်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်များထုတ်လုပ်နိုင်ရန် နည်းပညာများ ဖြန့်ဝေပေးသွားမည်
Jan 06,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငှက်ပျောချည်မျှင်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်များ ထုတ်လုပ်နိုင်ရန် အတွက်နည်းပညာများ အကူအညီလိုအပ်လာပါက နည်းပညာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခိုလမ်မြို့တွင် အသက်-၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို (ဒုတိယအကြိမ်) ဆက်လက် ထိုးနှံပေး
Jan 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၆) ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်( ၉ )နာရီ မှစတင်၍ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
ကဝမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှု ဖြင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသူများကို ပထမအကြိမ်နှင့် ပထမအကြိမ်ထိုးပြီးသူများကို ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကာလိမြို့မဈေး ဆိုင်းဘုတ်အသစ်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ
Jan 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၁) ရပ်ကွက်တွင်ရှိသည့် မြို့မဈေးအား ကာလိမြို့မဈေးကော်မတီအဖွဲ့မှ ဈေးတွင်း ရောင်း/ဝယ်နေကြသည့် ပြည်သူများတို့ကို ဦးဆောင်ပြီး မြို့မဈေးဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းဆောင်ရွက်ရာတွင် ယနေ့ နံနက် (၈) နာရီခန့်က ဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့ အမှတ်(၇)ရပ်ကွက် ရှင်စောပုလမ်းတွင်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူ စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၅.၁၅၀)သန်း ဖြင့် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရှင်စောပုလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။