သတင်းများ

နွားထိုးကြီးမြို့နယ်တွင် မေတ္တာမွန် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်
Jan 07,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်သူ၊မြို့နယ် သာများ၊ စေတနာရှင်များနှင့် မေတ္တာမွန် လူမှုကူညီရေး အသင်းတို့ ပူးပေါင်းဆေင်ရွက်မှုဖြင့် တည်ဆောက် သော မေတ္တာမွန် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မေတ္တာမွန်အောက်ဆီ ဂျင် စက်ရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် မီးသတ်ဝတ်စုံများပေးအပ်
Jan 07,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် မီးသတ် ဝတ်စုံ(၅)စုံ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ရန်ကြီးအောင် အရန်မီးသတ်စခန်း၌ ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းဆောင်ရွက်
Jan 07,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျိုက်ထိုမြို့နယ် ရုံးဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ဝက်စာမေးပွဲများနောက်ဆုံးနေ့ ဖြေဆိုခြင်း
Jan 07,2022
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်း တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမနှစ်၀က်စာမေးပွဲများအား ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ယနေ့နံနက်တွင် နောက်ဆုံနေ့အဖြစ် စုကလိမြို့ အထက်တန်းကျောင်းတွင် နံနက် ၉ နာရီမှ စတင်၍ ကျင်းပခဲ့သည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 07,2022
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်၏ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ (၂) နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ကျင်းပသည်။
မိုးမောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jan 07,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာ ပေး Talk Show ကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showကို ဇန်နဝါရီလ ၇ရက် နံနက် ၁၀နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။