သတင်းများ

သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်‌‌ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင်  သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၃)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိ၍ လက်ရှိတွင် ပြည်သူ့‌ဆေးရုံ၌ ဆေးကုသမှုခံယူသူ (၂)ဦး သာ ကျန်ရှိ‌ကြောင်း  သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများဆောင်ရွက်ခဲ့ကြပြီး ခရစ္စမတ်ဂါဝရပြု လက်ဆောင်များ ပေးအပ်လှူဒါန်း
Dec 27,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ပေါ် ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ဂါဝရပြုလက်ဆောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် ပေးအပ်လှူဒါန်း ခဲ့ကြပြီး ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့ Community Centre တွင် တိုက်ကွမ်ဒို လှုပ်ရှားမှု သရုပ်ပြ
Dec 27,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန Community Centre တွင် ဆောင်းရာသီ ဒီဇင်ဘာ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ တိုက်ကွမ်ဒိုလှုပ်ရှားမှု သရုပ်ပြခြင်း ကို ယနေ့ နံနက် ၁၀ နာရီက Community Centre ၌ ကျင်းပသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 27,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။ 
ပုလောမြို့နယ် ၌ ကိုဗစ် ကာကွယ် ဆေး မထိုးနှံရသေးသူများအားကိုဗစ်ဆေး ဆက်လက် ထိုးနှံပေး
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  ကိုဗစ်ရောဂါ ကာကွယ် ဆေး မထိုးနှံရ သေး သည့် ဒေသခံပြည်သူများကို ယနေ့  နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားစတုတ္ထအသုတ်ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 27,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
လက်ပံတန်းမြို့နယ်တွင်(GAHP) ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့် နွားမွေးမြူရေး သင်တန်းဖွင့်လှစ်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကကြီးမှူး၍ (GAHP)ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့် နွားမွေးမြူရေး သင်တန်းဖွင့်ပွဲကို ညောင်ဝိုင်းကျေးရွာ၌ ယမန်နေ့က ကျင်းပခဲ့သည်။