သတင်းများ

ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 28,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်၌ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ မကွေးတခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစား ပြိုင်ပွဲများကို ယနေ့မှစ၍ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဖလား အလွတ်တန်း(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Dec 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှစ်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ် တာဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာ ပေး နှိုးဆော်ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 28,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို    ယနေ့ နံနက်(၉)နာရီအချိန်က  စတင်၍  တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို (Talk Show) ဆွေးနွေးပွဲပြုလုပ်
Dec 28,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။