သတင်းများ

စစ်တွေမြို့၊ လောကာန္ဒာစေတီတော်ကြီး၌ ကျင်းပသော အသံမစဲမဟာပဠာန်းရွတ်ဖတ် ပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်
Dec 28,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသံမစဲမဟာပဠာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုင်ဂူအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက် ဖူးမြော် ပူဇော်ကြသည်။
မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌  ယနေ့နံနက်ပိုင်းက ကျင်းပသည်။                    
ပိုင်ကျုံမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 28,2021
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။
ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် အရုပ်ခေါက်ပြိုင်ပွဲကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့   အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်  အရုပ်ခေါက်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ကော့ကရိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  (Talk Show) ကျင်းပ
Dec 28,2021
(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြို ဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲတို့ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယမန်နေ့ညနေ  (၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။
သရက်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းများကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူ (၃၄၂) ဦးအား သန်ချဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။