တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တောင်သာ ဒီဇင်ဘာလ  ၂၈

 မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို    ယနေ့ နံနက်(၉)နာရီအချိန်က  စတင်၍  တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့   တတိယအသုတ်   ဒုတိယအကြိမ်အဖြစ်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအလုံး(၁၁၁၀)၊ လူဦးရေပေါင်း(၅၅၄၆)ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဟန်သူရနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊   မီးသတ်တပ်ဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။အဆိုပါ  တောင်သာ (အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ်အဖြစ်     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ် ဆက်လက်ထိုး နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)