ကော့ကရိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  (Talk Show) ကျင်းပ

ကော့ကရိတ်   ဒီဇင်ဘာ        ၂၈

(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲတို့ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယမန်နေ့ညနေ  (၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ကော့ကရိတ်မြို့ အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အ ကြောင်းအရာများကိုသိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများကိုစတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲ တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ အသိ ပညာပေး(Talk Show)ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် (Book Club) အဖွဲ့ဝင် ဒေါ်ခင်ကြူအေးက လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းများ၊ လွတ်လပ်ရေးဆုံးရှုံးမှုကြောင့် ရင်ဆိုင်ကြုံတွေ့ခံစားရသည့် အဖြစ်အပျက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားကာ လွတ်လပ်ရေးပြန်လည်မဆုံးရှုံးစေရန် မျိုးချစ်စိတ်ဓါတ်များ၊ ပြည်ထောင်စုစိတ်ဓါတ်များရှင်သန်ထက်မြက်ပြီး ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေးလုပ်ငန်းများကို Online မှ တစ်ဆင့် လစဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)