သတင်းများ

နမ္မတူတွင် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ(၁၄၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ(၁၃၅)ဦးအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဒိုက်ဦးမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဒိုက်ဦးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွား စေရန်အတွက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယမန်နေ့ နံနက်ပိုင်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Dec 31,2021
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကော့သောင်းမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 31,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharmအား ရပ်ကွက်နှင့်ကျေးရွာများအလိုက်ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူများအား ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝန်ထမ်းများအားစားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်
Dec 31,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခ န်းမ၌ ကျင်းပသည်။
အသက်(၄၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ၁၉၂၅ ဦးထိုးနှံပေး
Dec 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာ၌ အသက်(၄၅)နှစ် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ယမန်နေ့ နံနက် ၉ နာရီခန့် ကနောင်ပစ်ဘုန်းတော်ကြီး ကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
ကော့သောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 31,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို  ယမန်နေ့မွန်းလွဲပိုင်းက ၊ရွှေမင်းဝံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Dec 31,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား နေ့စဥ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် လမုတန်းရပ်ကွက် အထက ( ၁ )ကျောင်းနှင့် နွယ်အေးရပ်ကွက် အလက (၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။