သတင်းများ

ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၀၁)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ ပေးနိုင်ရေး ငွေများထုတ်ပေး
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကျေးရွာ(၅)ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပြီးစီး
Dec 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လအတွင်း တပ်ကုန်းမြို့နယ်ရှိ ကျေးရွာ(၅)ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၁၆၆၀)ကျော် ထုတ်ချေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာလ (၂၇)ရက်မှ (၃၀)ရက်အထိ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက်၊ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးလျက်ရှိ
Dec 31,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero)ကို (ပထမအကြိမ်)အဖြစ် အမှတ် (၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 31,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အားကစားကွင်းတွင် စတင်ကျင်းပကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံသီးနှံများ ခုတ်သိမ်းလျက်ရှိပြီး သီးနှံအထွက်ကောင်း သည့် အပြင် ဈေးကောင်း ရရှိကြသဖြင့် တောင်သူများအဆင်ပြေ
Dec 31,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အညာတောင်သူများ၏ အဓိက အားထား စိုက်ပျိုးကြသည့် သီးနှံများအနက်၊ တစ်ခုဖြစ်သော ပဲစင်းငုံသီးနှံများ၊ ဒီဇင်ဘာလ လယ်ခန့်မှ စတင် ခုတ်သိမ်း လျက်ရှိနေကြပြီး၊ ယခုနှစ်တွင် သီးနှံအထွက်ကောင်းသည့် အပြင် ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေကြကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ကျောက်ဆည်မြို့တွင် ကျေးရွာ(၄)ရွာအကျိုးပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ အကျိုးပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ
Dec 31,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးမီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို အဆိုပါဈေးတွင် ကျင်းပသည်
မိုးစပါးပေါ်ဆန်းဘေးကြားကြီး (၂၀) ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Dec 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ တောင်သူ ဦးမျိုးမင်းဇော်၏ ကွင်းအမှတ် ၃၈၄ D၊ ဦးပိုင်အမှတ် ၁၇/၅ လယ်မြေတွင် မိုးစပါး ပေါ်ဆန်းဘေးကြားကြီး (၂၀)ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။