သတင်းများ

နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
Dec 31,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး များ ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင် =နှင့် နို့တိုက်မိခင်များအား အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်း တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသဖြင့် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
နမ္မတူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Dec 31,2021
နမ္မတူမြို့နယ်၌ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်နေ့အထိမ်းအမှတ်အဖြစ် ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ စုပေါင်းသွေးလှူဒါန်း
Dec 31,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကြရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်န့ နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ ခရိုင်ပြည်သူ့ ဆေးရုံးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သားငါးဈေးတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask) များ (အခမဲ့) ဖြန့်ဝေ
Dec 31,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် မြို့မသားငါးဈေး၌ ယနေ့နံနက်(၇)နာရီအချိန်က ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့နယ်‌တွင် ပန်းခင်းစီမံချက်ဖြင့် ဆင်ကူးကျေးရွာအုပ်စုရှိပြည်သူ(၁၄၈)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Dec 31,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၈)နာရီ က ဆင်ကူးကျေးရွာ အုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ နယ်မြေ ကွင်းဆင်း ဆောင်ရွက်
Dec 31,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ကပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Dec 31,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ၂၉ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပွင့်ဖြုမြို့နယ်အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာကျင်းပ
Dec 31,2021
မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ်အားကစား ပြိုင်ပွဲ များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတို့၌ ယမန်နေ့ နေ့နံနက်၈နာရီမှစတင်၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။