သတင်းများ

ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်မည်
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်းကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်၍ တစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း  သိရသည်။
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၃နာရီ အချိန်က စတင်ကာမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီး၍ မြို့နယ အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Jan 02,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် အမျိုးသမီးအသင်း(Women Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ နန္ဒဝင်း(ဆေး-၁)၏ “လူတွေနားနေပါ ပညာတွေ အလုပ်လုပ်ကြပါစေ” စာအုပ်နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲကို ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးနှင့်အထက-၁ ကျောင်းတွင် ကျင်းပ ပြုလုပ်ကြသည်။
ကံမမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Jan 02,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်အား ကစားကွင်း၌ ဇန်နဝါရီ ၂ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2022
ကျောင်းသားလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့်ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်းကွင်းပြင်၌ ယနေ့နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 02,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နံနက် ၉ နာရီမှ စတင်၍ ဗန်းမော်ခရိုင် အားကစား ခန်းမ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 02,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီကကျင်းပပြု လုပ်ခဲ့သည်။