သတင်းများ

မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၌  နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
May 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများတိုးပွားရရှိ စေရန်နှင့် စာဖတ်သည့်အလေ့အထများရရှိစေရန် ရည်ရွယ်၍ အပတ်စဉ် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက နောင်တုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ဟိုပန်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စာသင်ကျောင်းများတွင် ဆေးဖျန်းခြင်းဆောင်ရွက်
May 24,2022
စာသင်ကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်၊ ခြင်၊ ယင်များ ခိုအောင်းမှုမရှိစေရန် ဆေးဖျန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝါးလက်မှုပညာ သင်တန်း ဖွင့်လှစ်
May 24,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် နေထိုင်သောပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝါးလက်မှုပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
May 24,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  မြို့နယ်အတွင်း လေဘေးသင့့်ခဲ့သော အိမ်ထောင်စုများမှ မိသားစုများအား
သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှု Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 24,2022
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း လူထုလှုပ်ရှားမှုကို လူအများ သွားလာစည်ကားရာနေရာများ၊ လမ်းဆုံလမ်းမကြီးများ၊ ဈေးတို့ တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီအချိန်ခန့်မှ စတင်၍ Mask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပထမအသုတ်ထွက်ခွာ
May 24,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ် သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယနေ့နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား (၃၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပထမအသုတ်ထွက်ခွာသွားကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၌ အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်တွင် အသက်(၃)နှစ်မှ (၇)နှစ်အတွင်းရှိ ကလေးငယ်များအား ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့်