သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှု Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

သာပေါင်း မေ ၂၄

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း လူထုလှုပ်ရှားမှုကို လူအများ သွားလာစည်ကားရာနေရာများ၊ လမ်းဆုံလမ်းမကြီးများ၊ ဈေးတို့ တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီအချိန်ခန့်မှ စတင်၍ Mask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

Mask Campaign လှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းများ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့တို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြင့် ကိုဗစ်-၁၉ ရောဂါ မြို့နယ် အတွင်း ကူးစက်မှုလျော့နည်း ပပျောက်စေရေးအတွက် ပြည်သူများမှ ကာကွယ်ရေးနည်းလမ်း များကို ပိုမိုအလေးထားဂရုပြု လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားကြပြီး ခရီးသွားများ၊ ဈေးဆိုင်များ၊ ဈေးသွားဈေးဝယ် ပြည်သူတို့အား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၅၀၀)ခုကျော်ခန့်ကို လိုက်လံဝေငှပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)