သတင်းများ

ပွင့်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစု ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦး‌‌ ရေစာရင်းအား အိမ်ထောင်စုဇယား (၆၆/၆)နှင့်တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့်  ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Dec 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ကြီးမှူး၍ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက အရုပ်ဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ် ပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ ထမင်းအာဟာရဒါနများ လာရောက်လှူဒါန်း
Dec 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ အတွက် နေ့လယ်စာ အာဟာရနှင့် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို နံနက်စာဆွမ်း အာဟာရများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံရဟန်းရှင် ပြည်သူ (၃၄၃၃၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Dec 04,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ သာဿနာ့အနွယ်ဝင် ရဟန်းရှင်နှင့် သီလရှင်များ အပါအဝင်    ဒေသခံပြည်သူ (၃၄၃၃၀)ဦး   ကိုဗစ်-၁၉ ကာကွယ်‌ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် သွားရောက် ငှားရမ်းပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်ဝါဝါရဲလွင် ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်များကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် Pilot Project အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး
Dec 04,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ဖားဆောင်းမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ​​ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက် ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Dec 04,2021
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ​မြို့ ​ အောင်ပင်လယ်ရပ်ကွက်၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက *လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့* ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုး ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ သံ​​ဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက်၌ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးသည်။