အင်္ဂပူ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ မြို့မဈေးတွင် ယမန်နေ့ နံနက် ၁၀ နာရီက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့သည်။
သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ လည်ကောင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများဖြင့် မီးငြှိမ်းသတ်မှုများကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် အတူ ဇတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ သရုပ်ပြဇတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့မှ ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
မန်းကျော် အင်္ဂပူ(ပြန်/ဆက်)